ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၁၁ ရက် ၀၈၅၀ နာရီတွင် ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၏ အရှေ့တောင်ဘက် ပဲစင်းငုံခင်း၌ ဒေသခံ တောင်သူ ၇ ဦးသည် ပဲစင်းငုံခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦး ခန့်မှ လာရောက်ဖမ်းဆီးသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ လိုက်လံရှင်းလင်းစဉ် အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ဦးဌေးအောင် (၇၄)နှစ်၊ ကုက္ကိုစုကျေးရွာ၊ ပေါက်မြို့နယ်နေသူအား ဆယ်ပင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၁၁ ရက် ၂၁၃၀ နာရီတွင် ကျိုင်းတုံမြို့နယ်၊ ဝမ်းကောင်းကျေးရွာတွင်နေထိုင်သော ဦးကျာပိုး(၄၈)နှစ်သည် နေအိမ်၌ မိသားစုဝင်များနှင့်အတူ ကျား ၂ ဦးမှ လက်ဆောင်ပေးထားသည့် ZTE တံဆိပ်ပါ အလျား ၂ ပေ၊ အနံ ၁ ပေခန့်ရှိ ပါဆယ်ထုပ်အား ဖွင့်ဖောက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဦးကျာပိုးတွင် ယာလက်ကောက်ဝတ်၊ ယာဒူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဇနီးဖြစ်သူ ဒေါ်နန်းထွေး(၄၄)နှစ်တွင် ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာ(စိုးရိမ်ရ)၊ သမီးဖြစ်သူ မနာဖ(၂၀)နှစ်တွင် ဦးခေါင်း၊ နှာခေါင်း၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ မနာဖရှဲ(၁၃)နှစ် တွင် ယာပေါင်ပွန်းပဲ့၊ ဝဲရင်အုံပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့။

-ဖေဖော်ဝါရီလ ၁၁ ရက် ၁၅၅၅ နာရီတွင် ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းတွင် ပြည်ထောင်စုနေ့အခမ်းအနားအတွက် ကြိုတင်လေ့ကျင့်ခြင်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့သည် ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာနှင့် ကျုံလောင်းကျေးရွာဟောင်းအကြား ဘက်မှ Drone ဖြင့် ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။