မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷 နိုင်ပါစေ 🌷

စစ်မှန်တဲ့ အနိုင်ဆိုတာ…
ကိုယ့်ကိုကိုယ် အနိုင်ယူခြင်း၊
ကိုယ့်သန္တာန်မှာ ရှိနေတဲ့
လောဘ၊ ဒေါသ စတဲ့
အကုသိုလ် ကိလေသာတွေကို
အနိုင်ယူခြင်းမျိုးပဲ ဖြစ်ပါတယ်။

ကိုယ့်မှာ လောဘဖြစ်စရာအာရုံကြောင့်
လောဘဖြစ်လာတဲ့အခါ
မတရားလောဘ မဖြစ်အောင်…

ဒေါသထွက်စရာ အာရုံနဲ့တွေ့လို့
ဒေါသဖြစ်တဲ့အခါ…

စိတ်လိုက်မာန်ပါ
ပြောဆိုပြုလုပ်မိတဲ့အထိ မဖြစ်အောင်…
စသဖြင့် သတိကပ်ပြီးးး

လွန်ကျူးတဲ့အဆင့်အထိ
ရောက်မသွားအောင်
ထိန်းလိုက်နိုင်ခြင်းဟာ
ဗုဒ္ဓအလိုကျ အနိုင်ယူခြင်းပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက-

သူတပါးကိုအနိုင်ရခြင်းသည်ရန်များ
တတ်ပြီး
ရှုံးသွားပြန်ရင်လည်း ဆင်းရဲတတ်သဖြင့်
အနိုင်အရှုံး ကို စွန့်နိုင် မှ ချမ်းသာ
ကြောင်း မိန့်တော်မူပါတယ်။

ဒါကြောင့်အနိုင်ယူရမှဖြစ်မယ်ဆိုရင်
သူတပါးကို အနိုင်ယူဖို့ထက်
ကိုယ့်ကိုကိုယ် အနိုင်ယူနိုင်အောင်…

ကိုယ့်သန္တာန်မှာ ရှိနေတဲ့
မကောင်းတဲ့ အကုသိုလ်
ကိလေသာတွေကို အနိုင်ယူနိုင်အောင်ပဲ …
ကြိုးစားကြရမှာ ဖြစ်ပါတယ်။

မနာပဒါယီအရှင်ဝိစိတ္တ🙏🙏🙏