တနင်္သာရီမြို့ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်

   

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီးတနင်္သာရီမြို့ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ ဆေးရုံ၌ ပြည်သူများအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။ ယင်းနောက် ကျန်းမာရေး ဝန်ထမ်းများအားတွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။