ရေစကြိုမြို့အတွင်း နေအိမ်တစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ် (၁)ရပ်ကွက်၊ ထင်းတန်းရပ်အတွင်းသို့ လုံခြုံရေးအဖွဲ့ လှည့်ကင်းဆောင်ရွက်နေချိန် ကင်းထဲအနီး အကြမ်းဖက်များမှ စတင်ပစ်ခတ်ရာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့အနေဖြင့်ရှင်းလင်းဆောင်ရွက်ရာ အကြမ်းဖက်များသည် နေအိမ်များအကြားမှထွက်ပြေး လွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်များ၏အန္တရာယ်ကြောင့် တိမ်းရှောင်နေထိုင်ရသော နေအိမ်တစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပါကြောင်းနှင့်လုံခြုံရေးအဖွဲအနေဖြင့်ထိခိုက်ဒါဏ်ရာမရမရှိကြောင်းသိရှိရပါသည်။