နောက်ဆုံးရ မနက်ခင်း သတင်းတိုများ

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် စတင် ခန့်အပ်ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဒူးဒဏ်ရာ ရရှိထားတဲ့ အာဆင်နယ် နောက်ခံကစားသမား တိုမီယာဆူဟာ ရာသီကုန်အထိ အနားယူရမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး မိုဗစ်ကတော့ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားအတွင်း မူးယစ်ဆေးသုံးစွဲမှု၊ ရာဇဝတ်မှုတွေ မဖြစ်ပွားပဲ အေးအေးချမ်းချမ်း အဆုံးသတ်ခဲ့တာကြောင့် အဆိုပါ ကမ္ဘာ့ဖလားကို ရမှတ်ပြည့်ပေးလိုကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ဂါဗီရဲ့ စာချုပ်သစ်ချုပ်ဆိုမှုကို တရားဝင်မှတ်တမ်းတင်ပေးဖို့ တရားရုံးထံ လျှောက်ထားခဲ့ပေမယ့် ပယ်ချခံထားရကြောင်း သတင်းရရှိပါတယ်။

ဆီဗီလာအသင်းဟာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ၎င်းတို့ရဲ့ နည်းပြ ဆမ်ပါအိုလီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး လာလီဂါ ဝါရင့်နည်းပြ မန်ဒီလီဘာကို အစားထိုးခန့်အပ်ကာ မန်ယူအသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းကို ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ ရက်ကလစ်ဖ်ကတော့ ဂလေဇာမိသားစုကို ဖြစ်နိုင်တဲ့ တန်ကြေးတစ်ရပ် ချမှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ပါးစပ်ထဲရှိတဲ့ ပေါက်ကရဈေးတွေ မတောင်းဆိုဖို့ သတိပေးသွားခဲ့ပါတယ်။

စပါးအသင်း ကစားသမား ဒိုဟာသီကတော့ ၎င်းတို့အသင်းအနေနဲ့ လက်ရှိ နည်းပြ ကွန်တီကို မထုတ်ပယ်သင့်ကြောင်း ရပ်တည်ပြောဆိုသွားခဲ့ပါတယ်။

credit