ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မုန်တိုင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်မိသားစုဝင်များအား ထောက်ပံ့ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးစကားပြောကြား၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။