မေလ ၁၉ ရက်နေ့မှုခင်းသတင်းများ

-မေလ ၁၈ ရက်တွင် မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာအုပ်စု၊ ရေချောင်းဘိုကျေးရွာနေ ဦးကျော်မင်း (၆၈) နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက် ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ဦးကျော်မင်းသည် နေရာ၌ပင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

-ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာနေ ဒေါ်ချောချောစိုး (၃၂) နှစ်၊ သမီးဖြစ်သူ မဝင်းစန္ဒာထွန်း (၁၂) နှစ်၊ သားဖြစ်သူ မောင်မြတ်ဘုန်းပြည့် (၆) နှစ်တို့ ၃ ဦးသည် မုံရွာမှတစ်ဆင့် စက်လှေဖြင့် ညောင်ပင်ကြီးကျေးရွာဘက်သို့ ထွက်ခွာလာခဲ့ရာ ရကစ (ညောင်ပင်ကြီး)အနီး၌ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။

-မေလ ၁၆ ရက်နေ့ ည ၉ နာရီခွဲ ချိန်ခန့်တွင် ရေဦးမြို့နယ်၊ တူမောင်းကျေးရွာနေ ဘဲမွေမြူရေးလုပ်ငန်း လုပ်ကိုင်သော ဦးတင်မောင်ဌေး (၄၇) နှစ်နှင့် ဒေါ်ခင်မျိုး (၄၅) နှစ်တို့အား နေအိမ်၌ရှိနေစဉ် အကြမ်းဖက် သမား ၁၀ ဦးခန့်မှ ၎င်းတို့ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့များထံ သတင်းပေးနေသည့် ဒလန်ဟု စွပ်စွဲကာ ဖန်ခါးဇင် ကျေးရွာ ဘက်သို့ ဖမ်းစီးခေါ်ဆောင်သွားခဲ့။

-မေလ ၁၈ ရက်နေ့ ၁ နာရီ ခွဲချိန်ခန့်တွင် စေတုတ္တရာမြို့နယ်၊ ပန်းအိကျေးရွာအုပ်စု၊ ကျင်ကြီးကျေးရွာမှ ဦးသန်းမြင့် (၅၇) နှစ်အားနေအိမ်၌ ရှိနေစဉ်အကြမ်းဖက်သမား ၆ ဦး ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရ။

-မေလ ၁၈ ရက်နေ့ မနက် ၆ နာရီ ၃၀ ချိန်တွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ ဦးမောင်စန်း၊ မောင်းနှင်လာသော ISUZU အဖြူရောင် ယာဉ်အမှတ် 7K-9421 ဖြင့်ကျား ၂ ဦး မ ၃ ဦးဈေးဝယ်ပြီးပြန်လာစဉ် အကြမ်းဖက်သမား ၅ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ယာဉ်ပေါ်ပါလာသူများအား ဆင်းခိုင်း၍ မထိုက်ထိုက်နွယ်(၃၈) နှစ် ဝါးကြီးအိုင်ကျေးရွာနေသူအား ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် ဒဏ်ရာများဖြင့်နေရာတွင်ပင်သေဆုံးခဲ့။