ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၁၂ ရက် ၁၃၂၀ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာတွင်နေထိုင်သော ဦးညွှန့်ဝင်း(၄၅)နှစ်၊ ဦးအောင်ထွန်း(၄၆)နှစ်နှင့် ဦးမြင့်ဇော်(၄၆)နှစ်တို့ ၃ ဦးသည် ပျဉ်းချောင်းကျေးရွာမှ တောင်တွင်းကြီးမြို့သို့ မော်တော်ယာဉ်ဖြင့်သွားရောက်၍ ပြန်လည်ထွက်ခွာစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးညွှန့်ဝင်းတွင် ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးအောင်ထွန်းတွင် ယာနားအောက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးမြင့်ဇော်တွင် ပါးစပ် ဝဲဘက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၁၂ ရက် ၁၉၂၀ နာရီတွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာတွင် နေထိုင်သော ဦးခင်မောင်ဌေး(ခ)ဦးသာဌေး (၅၀)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး တုတ်ဖြင့်ရိုက်နှက် ၍ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးခင်မောင်ဌေး(ခ)ဦးသာဌေးတွင် ဝဲပါးအောက်ကျည်ဖောက် ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့။

-ဖေဖော်ဝါရီလ ၁၂ ရက် ၁၁၁၅ နာရီတွင် ကဝမြို့နယ်၊ ပေါက်ပင်ကျေးရွာနေ မောင်မောင်အိ(၄၅)နှစ်၊ ကိုသူ(၃၀)နှစ်နှင့် ကိုဇော် (၄၀)နှစ်တို့ ၃ ဦးသည် ကံပေါ်ကျေးရွာ၌ ဆန်ကြိတ်၍ ထော်လာဂျီဖြင့် ပြန်လာစဉ် ပျော်ဘွယ်ကျေးရွာနှင့် ပေါက်ကန်ကျေးရွာကြားအရောက်၌ အကြမ်းဖက်သမား ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် လိုက်ပါလာပြီး သေနတ် (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ မောင်မောင်အိတွင် ယာပါး၊ ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ဖြင့် သေဆုံးသွားခဲ့ပြီး ကိုသူတွင် ယာရင်အုံ၊ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့။

-ဖေဖော်ဝါရီလ ၁၂ ရက် ၁၅၂၅ နာရီတွင် ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် နေထိုင်သော ဦးဆန်းဝင်းနိုင်(၄၅)နှစ်သည် ကျေးရွာရှိ နတ်စင်၌ ရွာတော်ရှင်ရိုးရာနတ်ပွဲကျင်းပပြုလုပ်နေစဉ် အကြမ်းဖက်သမား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဆန်းဝင်းနိုင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အနီးရှိ ကျေးရွာနေ ဒေါ်ဌေးဌေးခိုင်(၄၈)နှစ်တွင် ယာလက်မောင်းရင်းကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-ဖေဖော်ဝါရီလ ၁၂ ရက် ၀၉၀၀ နာရီတွင် ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာနေ ညီလေးထွန်း(၄၅)နှစ်သည် ကျေးရွာ၏အရှေ့ ဘက်ရှိ ၎င်းပိုင်ဥယျာဉ်ခြံသို့ သွားရောက်စဉ် အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး နင်းမိပေါက်ကွဲခဲ့ရာ ညီလေးထွန်းတွင် ဝဲခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-ဖေဖော်ဝါရီလ ၁၂ ရက် ၀၉၃၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာနေ ဒေါ်မြင့်သန်း(၅၀)နှစ်သည် ကျေးရွာ၏ အရှေ့တောင်ဘက်ရှိ ၎င်းပိုင်ဥယျာဉ်ခြံ၌ ရာဘာခြစ်နေစဉ် အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဒေါ်မြင့်သန်းတွင် ယာခြေကျင်းဝတ်ပြတ်ထွက်၊ ဝဲခြေထောက်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့။