မိတ္ထီလာမှာ ကုန်ကားနဲ့ အိမ်စီးကားတို့ တိုက်မိ

မိတ္ထီလာမှာ ကုန်ကားနဲ့ အိမ်စီးကားတို့ တိုက်မိလို့ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်းက မိတ္ထီလာမြို့သစ်အထွက် ဘီးခွန်ဂိတ်အကျော် နဝရတ်ဆီဆိုင်အနီးတွင် ကုန်တင်ကားတစ်စီး နှင့် အိမ်စီးကားတစ်စီး တို့ တိုက်မိတာ ဖြစ်တယ်လို့ဆိုပါတယ်။

ယင်းဖြစ်စဉ်ကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦးမှာ ညာခြေကျိုး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူ (မစိုးရိမ်ရ)တို့အားပြည်သာယာလူငယ် အသင်းမှ လူနာတင်ကား (၂)စီး ၊ မေတ္တာပါရမီအသင်းမှ လူနာတင်ကား (၁)စီး တို့ဖြင့် သွားရောက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။