တုန်ယင်နေတဲ့လက်တွေကြောင့် ပရိသတ်တွေကို စိတ်ပူစေခဲ့တဲ့ ဆယ်လီနာ ဂိုးမက်ဇ်

မကြာသေးမီကမှ တင်ထားတဲ့ ဗွီဒီယို ကလစ်တစ်ခုထဲ အဆိုတော်မလေး ဆယ်လီနာဂိုးမက်ဇ် ရဲ့ တုန်ယင်နေတဲ့လက်တွေကို ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေ သတိထားမိခဲ့ကြပြီးနောက် သူမရဲ့ အရေပြားလေးဖက်နာ ဝေဒနာကို ပြန်လည်စစ်ဆေးဖို့ ဖိအားပေးခံခဲ့ရပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ အဆိုတော်၊ တေးရေးဟာ အခုလ အစောပိုင်းတုန်းက တစ်တော့မှာ သူမရဲ့ မိတ်ကပ်နဲ့ အသားရေ ထိန်းသိမ်းမှု ဆိုင်ရာ ပုံမှန်လုပ် လေ့ရှိတာတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဗွီဒီယိုထဲမှာ The Only Murders In the Building ကြယ်ပွင့် သရုပ်ဆောင် ဆယ်လီနာက ရေမြုပ်တစ်ခု ပေါ် မိတ်ကပ်ဖျက်ဆေးလောင်းထည့်နေတဲ့အချိန် သူမရဲ့ လက်တွေမှာ မတည်မ ငြိမ်ပဲ တုန်ယင်နေတာကို တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဆယ်လီနာက သူမရဲ့ လက်တွေဟာ တည်ငြိမ်ခြင်းမရှိပဲ တုန်ယင်နေရတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ သူမခံစားနေရတဲ့ အရေးပြားလေးဖက်နာရောဂါ သောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။