မြန်မာပြည်လက်ဝှေ့ချန်ပီယံကို အနိုင်ရခဲ့တဲ့ သွေးသစ်ဝင်းလှိုင်

The Greatest Lethwei ခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနဲ့ သွေးသစ်ဝင်းလှိုင်တို့ပွဲစဉ်မှာ စိန်ခေါ်သူ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကိုအမှတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲစဉ်ကို သုံးမိနစ်ငါးချီအပြည့်ထိုးသတ်ခဲ့ရပြီး လေးချီမြောက်မှာ သွေးသစ်ဝင်းလှိုင်ရဲ့ထိုးသတ်ချက်တွေကြောင့် ထွန်းထွန်းမင်း နှစ်ကြိမ်တိုင်အမှတ်ရေခဲ့ရပါတယ်။

ပရိသတ်တွေနဲ့ လက်ဝှေ့လောကသားတွေက မြန်မာပြည်ချန်ပီယံအဖြစ်သတ်မှတ်ခံထားရတဲ့ ထွန်းထွန်းမင်းကို အနိုင်ရခဲ့တဲ့အတွက် သွေးသစ်ဝင်းလှိုင်က မြန်မာပြည်လက်ဝှေ့ချန်ပီယံအသစ်အဖြစ် သတ်မှတ်ခံရမှာလည်းဖြစ်ပါတယ်။