အသိပေးနိူးဆော်ချက်

ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် မော်ယာဉ်ဖောင်းကြွနံပါတ်ပြားကို ခေတ်ကာလနှင့် လျော်ညီစွာ နိုင်ငံတကာတွင် အသုံးပြုနေသည့် မော်တော်ယာဉ်နံပါတ်ပြားများနည်းတူ လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက်( Security Feature) များ ထည့်သွင်းရိုက်နှိပ်၍ အသုံးပြုတပ်ဆင်ပေးလျက်ရှိပါတယ်။ ကညနအနေနဲ့ နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြိုတွင်းခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များ အားလုံး (၃၁-၃-၂၀၂၃) ရက်အပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ပြောင်းလဲ ရန်နဲ့ ပုဂ္ဂလိက လူစီးမော်တော်ယာဉ်တွေကို ကညနနဲ့ ဆက်သွယ်ပြီး ဖောင်းကြွနံပါတ်ပြားပုံစံ အသစ်များ အမြန်ဆုံး ပြောင်းလဲတပ်ဆင်ကြရန် ဖုန်းမက်စေ့တွေနဲ့ရော ကြေညာစာတွေနဲ့ပါ အသိပေးပြီးသားဖြစ်ပါတယ်။ ရန်ကုန်က ပုဇွန်တောင်ဈေးရှေ့က တိုက်တန်းတွေမှာ အစိုးရကို ဆန္ဒပြတဲ့အနေနဲ့ ဖောင်းကြွတွေ မလဲကြဘူးလို သိရပါတယ်။ အဲဒီရှေ့မှာ မလဲရသေးတဲ့ကားတွေအများကြီးရှိနေတာတွေ့ရတယ်။ ဖောင်းကြွမလဲတဲ့သူတွေက သူတိုမလဲတဲ့အပြင် နံပါတ်ပြားလဲတဲ့သူတွေကိုတောင် ရန်ရှာနေကြလို…အခုထိဖောင်းကြွနံပါတ်ပြားမလဲရသေးတဲ့ ကားတွေကို စိစစ်အရေးယူပေးစေချင်တယ်။