စစ်ကိုင်းမြို့၊ ပဒူရွာအနီး PDF များ၏ လက်နက်များ ရရှိ

စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီး သုဿာန်ဇရပ် အတွင်းမှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်ပြုလုပ်ထားသော PDF များ၏

  • တရုတ်ထုတ် RPG ဒုံးသီး ၁ လုံး
  • KIA ထုတ် ဗုံးသီး ၅ လုံး
  • လက်လုပ်စိန်ပြောင်း ဗုံးသီး ၂၃ လုံး
  • လက်လုပ်ဗုံး ၃၅ လုံး
  • လက်လုပ်မိုင်းမျိုးစုံ ၈ လုံး
  • လက်လုပ်စိန်ပြောင်း ၂ လက် နှင့် အဝတ်အစားမျိုးစုံ၊ ဆေးဝါးမျိုးစုံ၊ ယမ်းမှုန့်၊ ယမ်းကြိုးများအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်။