ဧရာဝတီတံတား စစ်ဆေးရေးဂိတ်တွင် PDF ၁ ယောက်ဖမ်းမိ

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်အား စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးမြိုမှ မောင်းနှင်လာသော ခရီးသည် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အောင်သူဝင်းအား စစ်ဆေးခဲ့ရာတွင် PDF ၁ ယောက်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။