အကြမ်းဖက်အားပေး မီဒီယာများမှထုတ်ပြန်ထားသည့် သတင်းတု/သတင်းမှားများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ–

 ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ရေစကြိုမြို့အဝင်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပြီး ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဗိုလ်မှူး ၁ ဦး ကျည်ရှပ်ထိဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေကးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။

 ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖာပွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/ PDF အဖွဲ့များ တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit မှ တိုက်ပွဲ ၈၉ ကြိမ်ဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးကာ ၄၁ ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများဖြင့် လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၄ လောင်း၊ သေနတ် ၆ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ ကျည် ၃၆ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်လုပ်မိုင်း ၂၃ လုံးတို့အား သိမ်းဆည်းရရှိသွားကြောင်း ၊ ဒေသခံများအား ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ PDF သေတာကို Khit Thit မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ နယ်မြေရှင်းရန် ထွက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်၇ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၅ ရက်နေ့၌ မြင်းမူမြို့နယ်၊ ဘိုမင်း ကျီးကင်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများဖြင့် ရေးသားထုတ်ပြန်ထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများဖြင့် ရေးသားထုတ်ပြန်ထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာအနီးရှိ ခမရ- ၄၁၀ အား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တပ်ဝန်းအတွင်းကျရောက်ပေါက်ကွဲခြင်းမရှိဘဲ Khit Thit မှလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

 ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ခြင်းမရှိခဲ့သော်လည်း Ayeyarwaddy Times မှ ဖြစ်စဉ်မရှိဘဲ လုပ်ဇာတ်ဆင်ကာ သတင်းအတုများ ရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ပွင့်ဖြူ-စလင်းလမ်းပိုင်းတွင် မကွေးတိုင်းဝန်ကြီးချုပ် လိုက်ပါလာတဲ့ကား မိုင်ဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း မြေလတ်အသံ မှ ဖြစ်စဉ်မရှိဘဲ အများအထင်မှားအောင် သတင်းအတုများ ရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။

FACT CHECK