ဇူလိုင်လ ၂၈ ရက်နေ့ မှုခင်းသတင်းများ

ဇူလိုင်လ ၂၇ ရက် ၁၀၄၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧမြဝတီရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးမှ လုံခြုံရေးဝန်ထမ်း ဦးမြင့်ဆွေ(၆၄) နှစ်သည် ဆေးရုံမှ ၎င်း၏နေအိမ်သို့အပြန် နေအိမ်အနီးအရောက်၌ အကြမ်းဖက်သမား ၂ ဦးက လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးခဲ့။

ဇူလိုင်လ ၂၇ ရက် ၁၉၁၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တာပြင်ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများက Drone ယာဉ် ၄ စီးဖြင့်  Drop Bomb ၄ လုံးပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မောင်စည်သူဖြိုး (၁၃) နှစ်သည် ဗုံးစထိမှန်ဒဏ်ရာများကြောင့်သေဆုံးခဲ့ကြောင်းသိရှိရ။

ဇူလိုင်လ ၂၇ ရက် ၀၉၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာနေ ဒေါ်ဇာခြည်ဆွေ(၄၀)နှစ်သည် မတ္တရာမြို့မှဈေးဝယ်ပြီးပြန် လာစဉ် ဥဒိန်ကျေးရွာအနီးအရောက်၌ အကြမ်းဖက်သမား ၂ ဦးမှ လုပ်ကြံ သတ်ဖြတ်ခဲ့သဖြင့် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့။

ဇူလိုင်လ ၂၇ ရက် ၁၀၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ ရွှေညောင်ပင်တောတိုက်ကျေးရွာနေ မနု (၄၉) နှစ်သည် လုပ်ကြံ သတ်ဖြတ်ခံရသဖြင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ။

ဇူလိုင်လ ၂၇ ရက် ၁၁၅၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ ဦးဝင်အောင်ဌေး (၄၃) နှစ်နှင့် တူမ ဖြစ်သူ မနွဲ့ယဉ်ဝင်း(၄၀) နှစ်တို့သည် Light Truck ယာဉ်ဖြင့်ထွက်ခွာလာစဉ် တောင်သာ-နွားထိုးကြီးသွားကားလမ်းအရောက်၌ အကြမ်းဖက်သမားများမှ ယာဉ်အားရပ်တန့်ခိုင်းကာ ဦးဝင်းအောင်ဌေးအားပစ်ခတ်သတ်ဖြတ်၍ ယာဉ် အား မောင်းနှင်ယူဆောင်သွားခဲ့ကြောင်းသိရှိရ။

ဇူလိုင်လ ၂၇ ရက် ၁၁၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာနေ ဦးကျော်မြင့် (၅၇) နှစ်အား ကျေးရွာဘုန်းကြီး ကျောင်း ရှေ့၌ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေ ဆုံးသွားခဲ့။

ဇူလိုင်လ ၂၇ ရက် ၁၄၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖောင်းကားကျေးရွာနေ ဦးဌေးစိုး(၅၅) နှစ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများကြောင့် သေဆုံး သွားခဲ့ကြောင်း သိရှိရ။

ဇူလိုင်လ ၂၇ ရက် ၁၄၀၀ အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးမိတ်မြို့၊ သတင်းရဲ တပ်ဖွဲ့မှ ရဲတကတစ်ဦးသည် နယ်မြေသတင်းစုံစမ်းရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျောက်တောင်ကျေးရွာအနီး မိုးမိတ်-မိုးလိုသွား ကားလမ်းဘေး၌ လုံကြံသတ်ဖြတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။