နူကလီးယားဒုံးကျည်တွေကို ရုရှားကာကွယ်ရေးဦးစီးချုပ်အားကင်ဂျုံအမ်ပြသ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကတော့ သံတမန်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ရုရှားကာကွယ်ရေးဦးစီးချုပ်ဆာဂျီရှိဂီကို သူတိုရဲ့ နူကလီးယားထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပြသခဲ့ပါတယ်။ အဆိုပါဒုံးကျည်တွေကို ထုတ်လုပ်ပိုင်ဆိုင်တာမျိုးမလုပ်ဖို့ ကုလက တားမြစ်ထားပေမယ့် ပြုံယမ်းကတော့ ပိုင်ဆိုင်ထားပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် မြောက်ကိုရီးယားကို ပထမဆုံးလာရောက်တဲ့ ရုရှားကာကွယ်ရေးဝန်ကြီးကို ပြသခဲ့ခြင်းဖြစ်ပါတယ်။

Crd