မေလ ၂၂ ရက်နေ့ မှုခင်းသတင်းများ

၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ်ချိန်တွင် ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာတွင် နေထိုင်သော ဦးကျော်မောင်(၆၈) နှစ် တောင်သူလုပ်ကိုင်သူသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား (၅) ဦးကားဖြင့်ရောက်ရှိလာပြီး ဦးကျော်မောင်အား အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရှိရ.

-မေလ ၂၁ရက်နေ့ ၁၀၀၀ နာရီချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင်နေထိုင်သော ဦးကမ်ကောလ်(၅၈) နှစ် နှင့် ၎င်း၏ညီဖြစ်သူ ဦးဒုအွေး(၅၅) နှစ်တို့သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား(၂) ဦးသည် ဓားရှည် ၂ လက်အားကိုင်ဆောင်ပြီးခြိမ်းခြောက်ငွေတောင်းခံလျက်ရှိစဉ် ဦးဒုအွေး၏ ဇနီး ဒေါ်တီာလ်ဘောရ် မှ ဦးကမ်ကောလ် နေအိမ်သို့ လာရောက်ခေါ်ဆောင်သဖြင့် အကြမ်းဖက်သမား ၂ ဦးမှ ဦးကမ်ကောလ်၏ လည်ပင်းအားဓားဖြင့်ခုတ်ပြီး ဦးဒုအွေး၏နေအိမ်အတွင်းရှိ ငွေ ၁၂ သိန်းကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံးအား ယူဆောင်ထွက်ပြေးသွဦးခဲ့ပြီး ဓားဒဏ်ရာရရှိခဲ့သူ ဦးဒုအွေးအား ဟားခါးဆေးရုံသို့ ပို့ဆောင်ပေးခဲ့..

– မေလ ၂၁ ရက်နေ့ ၂၁၀၀ နာရီချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက် တွင်နေထိုင်သော ဒေါ်နွယ်နီဦး(၅၇) နှစ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ညွှန်မှုအား အကြမ်းဖက် CDF(ဟားခါး) ခေါင်းဆောင် ငွန်ဆန်းအောင် အဖွဲ့မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဌာနပိုင်ယာဉ်နှင့်အတူ ဒေါ်နွယ်နီဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရ..

-မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာသွားကားလမ်း ထိန်ပန်းကျေးရွာဆိုင်းဘုတ်အနီးတွင် ကျား(၁)ဦး (၄၃) နှစ်ခန့် စိစစ်ဆဲသည် အကြမ်းဖက်သမား PDF များ၏ သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရှိရ..