KIA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်

KIA တပ်ဖွဲ့ဝင်တစ်ဦး မိသားစုများနှင့်အတူ လက်နက်ခဲယမ်းများပါယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ အလင်းဝင်လာတဲ့သူဟာ KA-22 ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၃ ခု၊ ကျည်ဆန် ၇၀ တောင့်နဲ့ လက်ထိပ် ၂ ခု တို့ပါရှိခဲ့တာကြောင့် နစက၏ ကြေငြာချက်အတိုင်း ဆုငွေ ၅၆ သိန်းကျပ်ကို အလင်းဝင်ရောက်လာသူ မိသားစုထံ ပေးအပ်ခဲ့ကြောင်းသိရှိရပြီး နောက်ထပ်လည်း အဖွဲ့လိုက် အလင်းဝင်ရောက်လာမည့်သူတွေ ကျန်ရှိနေသေးတယ်လို သိရှိရပါတယ်။