နတ်မောက်တွင် ဘုန်းကြီးတစ်ပါးအား အကြမ်းဖက် PDF များမှ သတ်ဖြတ်

မတ်လ ၂၉ ရက်နေ့တွင် နတ်မောက်မြို့နယ်၊မှန်ခြေရင်းတောင်တောရကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် ဦးပညာစာရ(ခ) ဦးမြင့်ဦး(၅၅) နှစ် ဝါတော်(၁၀) ဝါအား အကြမ်းဖက် pdf များမှ ဖမ်းဆီးကာ မြင်းတဲကြီးကျေးရွာအနီးတွင် တပ်မတော်ပြောက်ကျားယူနီဖောင်းအင်္ကျီ၊ ရဲတပ်ဖွဲ့ဝင်ယူနီဖောင်း ဘောင်းဘီတို့အား ဝတ်ဆင်စေလျက် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ၊ ညာမျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူ(သေဆုံးသွား)ခဲ့ရပါတယ်။ အကြမ်းဖက် PDF များအနေဖြင့် ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ စော်ကားတိုက်ခိုက်လျက်ရှိသလို/ အပြစ်မဲ့ ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိရသည်။