လွိုင်ကော် ပြည်သူ့စစ်အခြေခံစစ်ပညာသင်တန်း ၂/၂၀၂၄ သင်တန်းဖွင့်ပွဲ

ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/သူများအား ဆန်ဆီဆား၊ ထောက်ပံ့ငွေကျပ်သိန်း(၅၀)နှင့် စက်သုံးဆီအတွက် ငွေကျပ် (၁၂)သိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။