သုခဒဂုံအငှားအိမ်ရာအတွက် ဒီဇင်ဘာလမှာလျှောက်လွှာခေါ်ယူမည်

ရန်ကုန်မြို့ရဲ့ ပထမဆုံး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတစ်ခုဖြစ်တဲ့ သုခဒဂုံအငှားအိမ်ရာ ရဲ့ နောက်ထပ်အခန်းပေါင်း ၈၀၀မှာ အများပြည်သူနေထိုင်ခွင့်အတွက် ဒီဇင်ဘာလမှာ ထပ်မံလျှောက်လွှာခေါ်ယူမယ်လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေသိရပါတယ်။

လာမယ့်ဒီဇင်ဘာမှာ သုခဒဂုံအငှားအိမ်ရာအတွက် လျှောက်လွှာခေါ်ယူမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်လျှောက်လွှာခေါ်ယူတာကို ပြီးခဲ့တဲ့ဇူလိုင်လက ပြုလုပ်ခဲ့ပြီး ယခုသြဂုတ်လမှာ တော့ ပထမအကြိမ်က လျှောက်ထားသူတွေထဲက အခန်းပေါင်း ၁၁၆၈ခန်းမှာ နေထိုင်ခွင့်ပြုတော့မှာဖြစ်တယ်လို့ဆိုပါတယ်။

” သုခဒဂုံအငှားအိမ်ရာမှာ ကို တည်ဆောက်ရတာက ဆောက်လုပ်ရေးကဏ္ဍအတွက်အလုပ်အကိုင်အခွင့်လမ်းတွေရရှိဖို့ရယ်။အခုချိန်မှာ အများပြည်သူတွေက စားဝတ်နေရေးအခက်ခဲတွေရှိတော့ တိုက်ခန်းတွေကို ဝယ်ယူဖို့က မလွယ်ကူနိုင်တော့ အငှားစနစ်နဲ့ လူတန်းစားအလွှာအစုံ အိမ်ရာနေထိုင်မှုအဆင်ပြေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်တည်ဆောက်ခဲ့တာပါ။ အခုထပ်ပြီး လျှောက်လွှာခေါ်ယူတာတွေလည်း ရှိမယ်ဆိုတော့ တော်တော်များများလည်း နေထိုင်ခွင့်ရကြမှာပါ” လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က မီဒီယာမှာ ပြောကြားထားပါတယ်။