ဘုန်းကံ မမှိန်ပါစေနဲ့

လူမှာဘုန်းရှိန်၊ကံရှိန် ဆိုတာရှိပါတယ်

သူတစ်ပါးကို သွားပုပ်လေလွင့်
ပြောတတ်တဲ့သူဟာ
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်
သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်း မှေးမှိန်အောင်၊ သိက္ခာ ကျသွားအောင်လုပ်ချင်တဲ့ စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း ဘုန်းရှိန်၊ ကံရှိန်တွေ
သေးသိမ်မှေးမှိန် သွားစေပါတယ်။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ ဆုတ်ယုတ်နေပါတယ်။
ကိုယ်အရှိန်ဝါတွေ သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့
ကိုယ်အမူအရာတွေကို သတိထားပြီး မျက်နှာ၊ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင် သူများအတင်း မပြောနဲ့ တဲ့။ ဘုရားရှင်က
ဒီလို ဆုံးမထားတယ်နော်။

သူများအတင်း၊ သူများအကြောင်းထက် အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး ဝေဖန်နေတာအကောင်းဆုံးပါပဲ။

သူတစ်ပါးတို့ရဲ့မလျော်သော အပြစ်၊ အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။ သူက ကောင်းတာတွေ လုပ်နေတာလား၊ မကောင်းတာတွေလုပ်နေတာလားဆိုတာ ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့ လိုက်လံမကောင်းတာတွေကြည့်ရှု မနေပါနဲ့။

ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊ မလုပ်ကိုပဲ အမြဲမပြတ် စောင့်ကြည့်နေပါ၊ ကိုယ့်စိတ်ကိုသာအမြဲ စစ်ဆေးနေပါတဲ့။

ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။
အတင်းအဖျင်းပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း တတ်နိုင်သမျှဝေးဝေးက ရှောင်ပါ။

အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို
ပြန်ပြီး စမ်းစစ်ကြည့်ပါ။ အေးချမ်း ကြည်လင် နေသလားလို့။

ကိုယ်အတင်းပြောတဲ့အချိန်မှာ တစ်ဖက်လူ ဂုဏ်တော်ပွားနေချိန်၊ မေတ္တာပွားနေချိန်၊ တရားနာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေချိန်၊
ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန်တို့နဲ့ ကြုံ ကြိုက်ခဲ့တယ်ဆိုရင်
ကိုယ့်မှာ ပိုပြီး ကြောက်စရာ ကောင်းပါတယ်။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ