(၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့

(၇၅)နှစ်မြောက်စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး က ဆက်သွယ်ရေးတပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသခြင်းနှင့် ဆက်သွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များက  ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရှိရပါတယ်။