ကံကိုရိုးမယ်မဖွဲ့နဲ့

ကံကိုရိုးမယ်စွတ်လို့ မရဘူး။
ကံထက်အရေးကြီးတာ လူတွေရဲ့ စိတ်နေသဘောထား ပိုအရေးကြီးတယ်။

လူတွေရဲ့စိတ်ဓာတ်တွေဟာ အောက်တန်းကျလာပြီ အပြစ်မကင်းတဲ့ စိတ်ဓာတ်တွေ ဒီကနေ့ခေတ်ပဲကြည့် လူတွေရဲ့စိတ်ဓာတ်ဟာ ဆိုးသွမ်းသောင်းကျန်းလာတဲ့ အနေအထားမျိုးရှိလာတယ်။

ထစ်ခနဲ့ရှိရင် ရိုက်မယ် နှက်မယ် သတ်မယ် ဖြတ်မယ်နဲ့ လူတွေရဲ့ စိတ်ဓာတ်တွေက ပိုပြီးတော့ ရိုင်းပြလာတယ်။
အဲဒီလို ရိုင်းပြလာတဲ့ စိတ်ဓာတ်တွေကြောင့် သက်တမ်းက တိုသထက် တိုလာမှာပဲ။

ဒါ သဘာဝပဲနော် ရာသီဥတုတွေက ဆိုးသထက်ဆိုးလာမှာ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလောက်ပူတာ မကြုံဖူးဘူး အခုပူလာပြီ ဒါ ရာသီဥတုပျက်ပြားတာ။

ဒီရာသီဥတု ဘာကြောင့်ပျက်တာလဲဆိုရင် လူတွေရဲ့လုပ်ရပ်တွေကြောင့်ပဲပျက်တာ ကမ္ဘာမြေပြင်ပေါ်မှာ နေတဲ့လူတွေဟာ အကျင့်ပျက်လာပြီဆိုရင် ရေမြေတွေဟာလည်း ဖောက်ပြန်ပျက်စီးကုန်တယ်။

ဖောက်ပြန်ပျက်စီးတဲ့ ရေမြေတွေကို အမှီပြုပြီး အသက်ရှင်သန်ရတဲ့ လူတွေရဲ့အသက်တွေလည်း ထိခိုက်လာတယ် ဒီလိုဆက်စပ်ပြီးတော့ နေတယ်ပေါ့နော်။
ကိုယ်လုပ်တာ ကိုယ်ရပြီးတော့ ကိုယ်ခံရတဲ့ သဘောပဲ။

မလုပ်တဲ့လူတွေရှိသော်လည်း လုပ်တဲ့လူတွေများလာတဲ့အခါ..
ကောင်းတဲ့လူတွေရှိသော်လည်း
မကောင်းတဲ့လူတွေများလာလို့ရှိရင် မကောင်းတာက ပိုဖြစ်လာမှာပဲ ဒါထင်ရှားတယ်။

ဘယ်ခေတ်ပဲဖြစ်ဖြစ် လူများရာကနေ အားလုံးဟာ ခံကြရတာဖြစ်တယ်ပေါ့။
လောဘတွေကြီးလာတယ်၊ ဒေါသတွေကြီးလာတယ်၊ အမှန်မသိတဲ့မောဟတွေ
လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ မလုပ်သင့်တာကို လုပ်သင့်တယ် ထင်တယ်။

လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူးထင်ပြီး မှားယွင်းချွတ်ချော်မှုတွေများလာတဲ့ ကနေ့ခေတ်ကာလကြီးဟာ ဆုတ်‌ခေတ်လို့ ပြောရတဲ့ကာလမျိုးပဲ ဖြစ်တယ်။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး