မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အဆိပ် ၀န်ပိုတွေ ကင်းပါစေ🌷

လက်ရှိပစ္စုပ္ပန်ဘ၀မှာ
စိတ်ချမ်းသာအောင် ကြိုးစားပါ ။

နောင်တတွေနဲ့ ရှင်သန်မနေပါနဲ့
သင်္ခန်းစာတွေနဲ့ပဲ ရှင်သန်ပါ ။

သောကတွေနဲ့ ရှင်သန်မနေပါနဲ့
ကျေနပ်စရာတွေနဲ့ ရှင်သန်ပါ ။

မရှိလို့ အနေခက်မနေပါစေနဲ့
ရှိတာလေးနဲ့ ရောင့်ရဲနေလိုက်ပါ ။

အတိတ် အနာဂတ်အတွက်ကို
အဆိပ် ဝန်ပိုတွေ ဖြစ်မနေပါစေနဲ့ ။

စိတ်ကောင်း၀င်နေတဲ့အချိန်တိုင်း
ကိုယ့်ဘ၀ဟာ ချမ်းသာရနေလို့
စိတ်မညစ်အောင် သတိထားပါ ။

အရာရာ ဘာမှမြဲနေတာမရှိလို့
အခိုက်တန့်ခဏလေးအတွက်နဲ့
အချိန်ပေးပြီးတော့ စိတ်ပူမနေပါနဲ့ ။

ပျက်ချိန်တန်ရင် အကုန်လုံး
ဘာတစ်ခုမှ တားမရတာမို့လို့
မပျက်ခင် အကျိုးရှိစွာနေထိုင်ပါ ။

ပတ်၀န်းကျင် အရာ၀တ္ထုတွေဟာ
ကိုယ့်အလိုကျဖို့ မဖြစ်နိုင်တဲ့အတွက်

ကိုယ့်စိတ်ကိုယ်ပဲ ထိန်းကျောင်းပြီး
အဆင်ပြေအောင် နေထိုင်တတ်ပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏