တစ်နိုင်ငံလုံးက ကျောင်းတွေ ဝါတွင်းကာလမှာ ဥပုသ် တနင်္ဂနွေ ကျောင်းပိတ်ရမယ်

ပုဂ္ဂလိကကျောင်းတွေအနေနဲ့ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံး တစ်ပြေးညီ ဝါတွင်းကာလ ဥပုသ် တနင်္ဂနွေနေ့မှာ ကျောင်းပိတ်ရမယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၁ရက်နေ့က ရန်ကုန်ရှိ အဆင့်မြင့်ပညာဦးစီးဌာနမှာ ပညာရေးဒုဝန်ကြီး ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကျောင်းတည်ထောင်သူများနဲ့ ကျောင်းအုပ်ကြီးများနဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပုဂ္ဂလိကကျောင်းတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှု မပျက်စီးရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနဲ့ မြန်မာ့ပထဝီဝင်ဘာသာရင်များကို ဥပဒေနဲ့အညီ သင်ကြားရမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပုဂ္ဂလိကအခြေခခံပညာသင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများအားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စားမေးပွဲကျင်းပရက်များသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနဲ့ တစ်ပြေးညီ တူညီရမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။