ဇန်နဝါရီလ ၈ ရက်နေ့ တိုက်ပွဲသတင်းများ

-စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဇာဒီရွာအနီးသို့အရောက် PDF အကြမ်းဖက် ၇ ဦးအား တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၃ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့။

-ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ဝှေခါစခန်းသို့ KIAနှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင် မိမိဘက်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ KIA ၃၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာသို့ နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ TNLA နှင့် PDF ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်း ပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း TNLAနှင့် PDF ၃ လောင်း၊ Law Launcher ၁ လက်၊ အမ်အေ(၄) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၅၁၇ တောင့်နှင့် အီနာဂါ ၁၆ လုံးတို့သိမ်းဆည်းရမိခဲ့။

-ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျောက်တောင်စခန်းသို့ AA သောင်းကျန်းသူ ၂၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်သို့ KNPP+PDF ၃၀ ဦးခန့်က ၁ ကြိမ်၊ ၂၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်ခဲ့။ ဖယ်ခုံမြို့နယ် ကုန်းဆုံရွာဘုန်းကြီးသို့ KNDF+PDF ၁၄၀ ဦးခန့်က လည်းကောင်း၊ ၅၀ ဦးခန့်ကလည်းကောင်း လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။