ဖေဖော်ဝါရီလ ၅ ရက်နေ့မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၄ ရက် ၀၉၃၀ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လတ်ကြီးကျေးရွာနေ ဦးမြ(၇၁)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့် ရောက်ရှိလာပြီး ဦးမြအား လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်၍ ပြန်လည်ထွက်ခွာသွားခဲ့ရာ ဦးမြတွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၄ ရက် ၁၁၁၅ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံသို့ အကြမ်းဖက်အဖွဲ့မှ Drone ယာဉ် ၂ စင်းဖြင့် Drop ဗုံး ၃ လုံး ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Drop ဗုံးများမှာ ဆေးရုံအထူးကြပ်မတ်ကုသဆောင်အပေါ်၌ ၂ လုံး၊ ဆရာဝန်များ နေထိုင်သည့် နေအိမ်လိုင်းခန်ရှေ့ မြေကွက် လပ်၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဆေးရုံအမိုးသွပ် ၂၀ ချပ်၊ မျက်နှာကြက် ၃၀ ချပ် ခန့်နှင့် ပြတင်းပေါက်မှန် ၅ ချပ် ပျက်စီးခဲ့ကြောင့်နှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရ။