ဘဲများကိုလွှတ်ကြောင်းမွေးမြူသည်ဖြစ်စေ၊ အိမ်ခြံဝင်းအတွင်း၌ မွေးမြူသည်ဖြစ်စေ၊ ကြီးထွားနှုန်းကောင်းပြီးဥနှုန်းများများရစေရန် အဓိကလိုအပ်ချက်မှာ အာဟာရပြည့်စုံစွာပါဝင်သော အစားအစာများကို ကျွေးမွေးခြင်းပင်ဖြစ်သည်။ ဘဲစာထဲ၌ပါဝင်ရမည့် အာဟာရဓာတ်များမှာ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်၊သတ္ထုဓာတ်နှင့် ရေဓာတ်များဖြစ်သည်။ […]