သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အားများ ဝယ်ယူရာတွင် ဥရောပသမဂ္ဂမှ ကူညီပေးရန် ယူကရိန်းတောင်းဆို

ဆောင်းရာသီကာလအတွက် လိုအပ်သော သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အား ဝယ်ယူရေးကဏ္ဋ္ဌတွင် ဥရောပသမဂ္ဂအနေဖြင့် အကူအညီပေးရန် ယူကရိန်းသမ္မတ ဇာလန်စကီးက ဥရောပသမဂ္ဂ(EU)သို့ တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားများအတွက် စွမ်းအင်များကို သိုလှောင်သိမ်းဆည်းထားသော်လည်း ဥရောပသမဂ္ဂအနေဖြင့် ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်ပေးရန်အတွက် သမ္မတဇာလန်စကီးက ဥရောပခေါင်းဆောင်များသို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်ရေး စက်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး ယူကရိန်း နိုင်ငံအနေဖြင့် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၂ သန်း ဝယ်ယူရန် လိုအပ်နေပါတယ်။

ယူကရိန်းနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂထံမှ ယူရိုငွေ သန်း ၈၀၀ တန်ဖိုးရှိ လျှပ်စစ်ဓါတ်အားများ ဝယ်ယူလိုကြောင်းကိုလည်း ဇာလန်စကီးမှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ပိုင်းတွင် ရုရှားသည် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ၏ ပြောကြားချက်များအရ အထက်ပါတိုက်ခိုက်မှုများကြောင့် စွမ်းအင်ထုတ်လုပ်ရေးစက်ရုံများ၏ ထက်ဝက်ခန့်မှာ ပျက်စီး ဆုံးရှုံးများ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

Ref: Xinhua