ရေထွက်ကုန်နှင့် CMP အထည်အလိပ်ကုန်များကို Cargo Flight ဖြင့် နေ့စဉ်ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် – ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ်တွင် ရေထွက်ကုန်နှင့် CMP အထည်အလိပ်ကုန်များကို Cargo Flight ဖြင့် နေ့စဉ်ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန် – ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် ငါးရှဉ့် (၁၃၀၂၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၄၄၉)ပုံး နှင့် ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း (၁၃၈၈၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၆၇၃) ပုံးကို နိုဝင်ဘာ ၄ ရက်တွင်တင်ဆောင်ပျံသန်းခဲ့ကြောင်း သိရသည်။