ဘယ်ဂျီယံရှိကျေးရွာတစ်ရွာမှ လူ ၁၆၅ ဦး အုပ်စုလိုက် သန်းထီပေါက်မှုဖြစ်ပွား

ဘယ်ဂျီယံနိုင်ငံရှိ  ကျေးရွာတစ်ရွာမှ လူ ၁၆၅ ဦးသည် အုပ်စုလိုက် သန်းထီပေါက်မှု ဖြစ်ပွားကြောင်း သိရသည်။ ၎င်းတို့ပေါက်သောထီသည် ယူရို ၁၄၂ ဒသမ ၈၉ သန်း တန်ဖိုးရှိသည့်အတွက် တစ်ဦးလျှင်ဆုကြေး ငွေယူရို ၈၆၈၀၀၀ ဝန်းကျင် ရရှိမည်ဖြစ် သည်။

အန်တွပြည်နယ်ရှိ အိုးမန်းကျေးရွာမှ အဆိုပါလူအုပ်စုသည် ထီလက်မှတ်များ ဝယ်ယူရေးအတွက် တစ်ဦးလျှင် ၁၅ ယူရိုစီ ဖြင့် ကျသင့်ငွေကို အညီအမျှပေးခဲ့ခြင်း ဖြစ်သည်။

ဘယ်ဂျီယံနိုင်ငံ၌ အုပ်စုလိုက် ထီပေါက်မှု ဖြစ်စဉ်သည် ဖြစ်ပွားလေ့ရှိသည့် ဖြစ်စဉ်ဖြစ်သော်လည်း ယခုတစ်ကြိမ်သည် လူအများဆုံး ထီပေါက်မှုဖြစ်ကြောင်းနှင့် ယခုကဲ့သို့ထီပေါက်ခြင်းသည် အကောင်းဆုံးသော ခရစ္စမတ် လက်ဆောင်ဖြစ်ကြောင်း    အမျိုးသား ထီလုပ်ငန်းအဖွဲ့မှ    ပြောရေးဆိုခွင့်ရှိသူဂျုတ်ဗာမိုးကပြောသည်။

ယခုကဲ့သို့ အုပ်စုလိုက်ထီပေါက်မှုသည် ဘယ်ဂျီယံနိုင်ငံ သမိုင်း၌ ပထမဆုံးဖြစ်သော်လည်း ဆုကြေးငွေပမာဏ အများဆုံးထီပေါက်မှုမှာမူ ဇူလိုင်လတွင်ဖြစ်ပွားခြင်းဖြစ်ပြီး ထိုစဉ်က လူတစ်ဦးတည်းက ယူရို ၁၉၅  သန်းဆုကို ရရှိသွားခြင်းဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ယူရိုမီလီယံ အမည်ရှိ ထီလုပ်ငန်းကို ဥရောပ ကိုးနိုင်ငံဖြစ်သော   ပြင်သစ်၊ ဆွစ်ဇာလန်၊  ဗြိတိန်၊  သြစတြီးယား၊ ပေါ်တူဂီ၊ ဘယ်ဂျီယံ၊ အိုင်ယာလန်၊ စပိန်နှင့် လူဇင်ဘာ့တို့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာသတင်း