အမေရိကန် လေတပ်မှ F-35B တိုက်လေယာဉ် မတော်တဆမှုဖြစ်

ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်) နံနက်ပိုင်းမှာ အမေရိကန်လေတပ်ရဲ့ နောက်ဆုံးပေါ် စတဲ့နည်းပညာသုံး (ကိုယ်ပျောက်) F-35B တိုက်လေယာဉ်ဟာ တက္ကဆက်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်း တစ်ခုမှာ ဒေါင်လိုက် ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

မတော်တဆမှုဖြစ်တဲ့ လေယာဉ်ကနေ လေထီးနဲ့ ခုန်ထွက်ခဲ့တဲ့ လေယာဉ်မှူးကတော့ အသက်ရှင်ခဲ့ပါတယ်။

တိုက်လေယာဉ်များရဲ့ လုံခြုံရေးသည် မိမိတို့၏ ဦးစားပေးလုပ်ငန်းဖြစ်ပြီး မတော်တဆဖြစ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ တိုက်လေယာဉ်ကို ထုတ်လုပ်တဲ့ လော့ဟိမာတင် ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Ref: 5nbcdfw