ပါကစ္စတန်နယ်စပ်ရဲစခန်းတစ်ခုကို စစ်သွေးကြွများဝင်ရောက်တိုက်ခိုက်

ဒီဇင်ဘာ ၁၁ ရက်နေ့က ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွတွေက ရဲစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၃ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်နယ်စပ်အနီး Khyber Pakhtunkhwa ပြည်နယ်ရှိ ရဲစခန်းထဲကို ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ကားတစ်စီးနဲ့ ဝင်ရောက်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။