နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ ဘယ်တော့မှမရှိပါဘူး

အောက်တိုဘာ ၅ ရက်နေ့တုန်းက ဆီးရီးယားစစ်ကောလိပ် ကျောင်းဆင်းပွဲကို အစ္စရေးနဲ့ us က Drone Attack လုပ်လို ဆီးရီးယားအရာရှိကြီးတွေအပါ ကျောင်းဆင်းစစ်သားတွေရဲ့ မိဘတွေ အယောက် ၁၀၀ ကျော် သေဆုံး ခဲ့ရတယ်။ (ဒါပေမယ့် ဒီဖြစ်စဉ်ကို သိတဲ့လူရှားပါတယ်၊ အနောက်အုပ်စုက သတင်းဖုံးခဲ့ကြတယ်။)

ယခုဖြစ်နေတဲ့ အစ္စရေးပရိပက္ခကလည်း ဆီးရီးယားဖြစ်စဉ်ကနေ ဆင်းသက်လာတယ်။ တိုက်ရိုက်အနေနဲ့ နောက်ကွယ်မှာ အီရန်ရှိတယ်၊ သွယ်ဝိုက်တဲ့အနေနဲ့ကတော့ ရုရှားတို၊ တရုတ်တိုလို နိုင်ငံအကြီးကြီးတွေ ပါဝင်ပတ်သက်နေတယ်။ အခု ဟားမက်စ်အပြင် ဟစ်ဘိုလာအဖွဲတွေပါဝင်လာပြီ။

စစ်မီးက ဒီထက် ကြီးထွားဖိုပဲရှိတယ်။ un လည်း မနိုင်ဘူး။ ဦးသန့်ခေါင်းဆောင်ခဲ့ဖူးတဲ့ un လို သမာသမတ်ကျတဲ့အဖွဲဆို တစ်မျိုးပြောင်းသွားနိုင်သေးတယ်။ အခုတော့ မထင်။

us က Carrier တွေလွှတ်တယ်ဆိုတာကလည်း ရုရှားကို စစ်မြူတာပါ။ ရုရှားက ပါးပါးလှပ်လှပ်လေးရယ်။ ဒီကနေ့ဆိုရင်ပဲ ယူကရိန်းမှာ ခံစစ်သာလုပ်နေတဲ့ ရုရှားက တိုက်စစ်ဖွင့်လိုက်လို ယူကရိန်းရဲ့ Avdeevka ခံတပ်မြို ကျသွားပြီ။ ရုရှားက ဆက်ပြီး နယ်မြေချဲ့မလားဆိုတာတော့ မသိရသေးဘူး။ နာရီပိုင်းအတွင်းကို ရုရှားလက်ထဲကျသွားတာပါ။ us မီးခဲဖင်ခုထိုင်နေရတုန်း လုပ်ပြသွားတာ။

အာရှတိုက်မှာဆိုလည်း ဝက်ပေါက်လေးက တောင်ကိုရီးယားကို ဝင်တိုက်မလားဆိုပြီး ထိတ်လန့်နေကြတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ တိုက်ဆိုင်မှုမရှိဘူး၊ အစီအစဉ်တကျချည်းပဲ ။။။။

ဆီးရီးယားဖြစ်စဉ် https://t.me/kothetjournalist/52224
KT