ယခုနှစ် မိုးစပါးနဲ့ လာမည့်နှစ် နွေစပါးတိုရဲ့ တင်း (၁၀၀) (၇)သိန်းခွဲ သတ်မှတ်

ယခု ၂၀၂၃ ခုနှစ် မိုးစပါးနဲ့ လာမည့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ရဲ့ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ငွေကျပ် (၇)သိန်းခွဲ သတ်မှတ်လိုက်တယ်လို့ တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၀ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနဲ့အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဖြစ်ပေါ် စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မယ့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်တာလို့ ဆိုထားပါတယ်။