ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ရာညှိနှိုင်းရေးမှူး မြန်မာနိုင်ငံဖြစ်လာ

၂၀၂၄ ကနေ ၂၀၂၇ နှစ်အထိ (၃) နှစ်သက်တမ်းရှိတဲ့ အာဆီယံရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးဆိုင်ရာညှိနှိုင်းရေးမှူးအဖြစ် ဘရူးနိုင်းနိုင်ငံက အလှည့်ကျသော်လည်း အာဆီယံက အဆိုပါ ဘရူနိုင်းအစား မြန်မာနိုင်ငံကို ပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရပါတယ်။

ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ရာညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံကို အာဆီယံက ပြောင်းလဲခန့်အပ် လိုက်တဲ့အပေါ် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ Justice For Myanmar (JFM) အမည်ခံအဖွဲက ခံပြင်းနေတယ်လို့လည်း သိရပါတယ်။ #Crd