အမေရိကန်ထုတ် F-35A ကိုယ်ပျောက်တိုက်လေယာဉ်အစီး ၂၀ တောင်ကိုရီးယားမှ ဝယ်ယူမည်

အမေရိကန်အစိုးရနှင့် ညှိနှိင်းပြီးနောက် ယခုလ ဒီဇင်ဘာလ (၈) ရက်နေ့က အမေရိကန်မှ F-35A ကိုယ်ပျောက် တိုက်လေယာဉ် အစီး (၂၀) ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း ယခုလ ၂၇ ရက်နေ့ တောင်ကိုရီးယားကာကွယ်ရေးအေဂျင်စီ၏ သတင်းအချက်အလက်အရ သိရပါတယ်။

F-35A ကို အမေရိကန်လိုခ်ဟီတယ် မာတင်မှ ဒီဇိုင်းထွင်ထုတ်လုပ်ထားပြီး အစိုးရအချင်းချင်း Foreign Military Sales (FMS) ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊ ကိုယ်ပျောက်တိုက်လေယာဉ် F-35A သည် ရန်သူ၏ဗဟိုတည်နေရာကို လျှိဝှက်တိုက်ခိုက်နိုင်ကြောင်း သိရပါတယ်။