နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေရှ့်နိုင်ငံသံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain မှ စက်တင်ဘာလ ၆ ရက်နေ့တွင် သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည် ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများနှင့်စပ်လျဉ်းပြီး  ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။