လမ်းဘေးသစ်ပင်အား ကားဝင်တိုက်ပြီး မီးလောင်ခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ သပိတ်ကုန်းကွေ့တွင် ဒီဇင်ဘာ ၂၇ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။
ည ၁၀ နာရီ ၃ မိနစ်ခန့်က လှည်းကူးမြို၊သပိတ်ကုန်းကွေ့တွင် Honda Insight ကားသည် အရှိန်မထိန်းနိုင်
ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်၍ မီးလောင်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။
လှည်းကူးမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီ
၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှ သိရသည်။
“လူနာရှိရင်သယ်ရအောင် ကျွန်တော်သွားတော့ ရောက်သွားတဲ့အချိန် သေဆုံးနေတဲ့အမျိုးသားတစ်ယောက်ရဲ့ ရုပ်
အလောင်းကိုပဲတွေ့ရပါတယ် ကားပေါ်မှာသူတစ်ယောက်ထဲပဲတွေ့ရတာပါ”ဟု လှည်းကူးမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲတာဝန် ရှိသူများက စစ်ဆေးလျက်
ရှိကြောင်း သိရပါတယ်။