မြန်မာ ယူ-၁၂ အသင်းအတွက် ကစားသမားရွေးချယ်ပွဲကို ဇူလိုင်လ ၁၄၊ ၁၅ တွင် ကျင်းပမည်

ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၁) ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲအား သုဝဏ္ဏကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း-၁ (စက်ဘီးကွင်း)တွင် ဇူလိုင်လ ၁၄၊ ၁၅ ရက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

ရွေးချယ်ခံမည့် ကစားသမားသည် ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမွေးဖွားသူဖြစ်ရန်လိုပြီး ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ကာ လေ့ကျင့်ရေးကွင်း-၁ (စက်ဘီးကွင်း) သို့ (ဇူလိုင်လ ၁၄ ရက်)၊ နံနက် (၇)နာရီ နောက်ဆုံးထား၍ အားကစားဝတ်စုံအပြည့်အစုံဖြင့် သတင်းပို့ရမည်ဖြစ်ကြောင်း သိရပါတယ်။
crd