ဥရောပနိုင်ငံနှင့် အာရှနိုင်ငံများသို့ ကော်ဖီတင်ပို့ ရန် စီစဉ်နေ

ပုံမှန်တင်ပို့ နေသည့် တရုတ်နှင့် ထိုင်းအပြင် ဥရောပနိုင်ငံနှင့် အာရှနိုင်ငံများသို့ ပါ ကော်ဖီတင်ပို့ ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

“အခု နိုဝင်ဘာလကနေ ဖေဖော်ဝါရီအထိက ကော်ဖီခူးတဲ့ရာသီပေါ့။ မတ်၊ ဧပြီ၊ မေလောက်မှာ ကော်ဖီထုတ်လုပ်ပြီး ပြည်တွင်းပြည်ပကိုရောင်းချသွားမယ်။ တရုတ်နဲ့ထိုင်းကိုတော့ အဓိကတင်ပို့ တယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ရင် ကော်ဖီထုတ်လုပ်မှုက နည်းနေပေမယ့် အရည်အသွေးကကောင်းပါတယ် “ဟုမြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် သတင်းဌာနမှတဆင့် ပြောကြားထားသည်။ လာမည့် ၂၀၂၄ ခုနှစ် ကော်ဖီရာသီတွင်အမေရိကားနိုင်ငံများ၊ ဥရောပနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံ (၁၁) နိုင်ငံသို့ တင်ပို့ ရန်စီစဉ်ထားကြောင်းလည်း သိရသည်။