မေလ ၂၅ ရက်နေ့ မှုခင်းသတင်းများ

-မေလ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ချိန်တွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သော ဦးနိုင်ထွန်း (၄၅) နှစ်သည် ၎င်းပိုင်ဆိုင်သော ကျောက်စစ်ပုံ(မ) ကျေးရွာရှိသရက်ခြံမှ ပြန်လာစဉ် သာစည်လမ်းမပေါ်အရောက်၌ အကြမ်းဖက်သမား (၂) ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်သေနတ်ဖြင့်ပစ်ခတ်သွားခဲ့သောကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

– မေလ ၂၃ ရက်နေ့ ၁၂၃၀ နာရီချိန်တွင် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ ရွှေဖောင် ပရဟိတအသင်းမှ လူနာများတင်ဆောင်လာသည့် ဦးသန်းနိုင် မောင်းနှင်လာသော ambulance ယာဉ်နှင့် ဆောမြို့နယ်နေသူ ဦးလှမင်းမောင်းနှင်လာသည့် HI-JET ယာဉ်အား ပေါက်မြို့နယ်၊ အုန်းတောကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင်တစ္ဆေ(ခ) အေးငြိမ်းခေါင်းဆောင်သော PDF အကြမ်းဖက်သမား (၃၀) ခန့်မှ ယာဉ်အားတားဆီးပြီး ambulance ယာဉ်မှလူနာများအား HI-JET ကားပေါ်သို့ရွှေ့ခိုင်းပြီး ambulance ယာဉ်အားလုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အမျိုးသား တစ်ဦးအား စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့ပြီး သေဆုံးသူမှာ PDF အကြမ်းဖက် အောင်ထွန်းအဖွဲ့မှ ထက်မြက်အောင် ဖြစ်ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၂၀၄၅ နာရီချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်တွင် နေထိုင်သော ဒေါ်ကေခိုင်ဦး(၄၇) နှစ်နှင့် သမီးဖြစ်သူ စုလဲ့မိုး(၂၁) နှစ် တို့သည် နေအိမ်၌ ရှိနေစဉ် လက်နက်များကိုင်ဆောင်ထားသော အကြမ်းဖက်သမား (၅) ဦးရောက်ရှိလာပြီး ဒေါ်ကေခိုင်ဦးနှင့်သမီးဖြစ်သူတို့အား နေအိမ်၌ ရပ်ထားသော HI-JET ကားနှင့်အတူ လယ်ဇင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၀၇၄၅ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာအနီးတွင် အကြမ်းဖက်PDF များမှ အမျိုးသား (၂ ) ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၀၇၄၀ နာရီချိန်တွင် ငါန်းဇွန်မြို့နယ်၊ ဇလုမ္မကျေးရွာ၌ ဦးသန်းဇော်လင်းနှင့် ဦးတင်လင်းတို့ နှစ်ဦးသည် ရွာထိပ် အရက်ဆိုင်၌ အရက်ထိုင်သောက်နေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဇော်လင်းနှင့် ဦးတင်လင်းတို့ (၂) ဦးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၀၈၂၅ နာရီချိန်တွင် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာတွင် နေထိုင်သော ဦးလွင်ဆန်း (၄၆) နှစ်သည် ၎င်းပိုင်ဆိုင်သော ပြောင်းစိုက်ခင်းအတွင်းရှိနေစဉ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရ..