ဆားတောင်မြို့ ၃ ရက်တာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ၃ ရက်တာကာလ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးတွင် ၃ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိအပါအဝင် စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း Khit Thit နည်းတူ Mizzima နှင့် မြေလတ်အသံ တို့မှလည်း ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ၃ ရက်အတွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များမှ ရင်ဆိုင်တိုက်ပွဲများ မဖော်ဆောင်ရဲသဖြင့် အဝေးနေရာများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းသာရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်များအရ သိရှိရပါတယ်။ Khit Thit၊ Mizzima နှင့် မြေလတ်အသံတို့မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လိုင်းပေါ်ကနေ ထင်ယောင်ထင်မှားဖြစ်စေရန် စိတ်ကူးပုံဖော်၍ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

False-News

FACT-CHECK

https://t.me/factcheckmm