လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွား၍ ၆ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၅ ရက်နေ့တွင် တမူးမြို့နယ် ထင်းဇင်ရွာမှမြောက်ဘက်သို့ ဆက်လက်ထွက်ခွာလာပြီး N.L.A တပ်တော်နှင့် နမ့်စပါတံတားအနီးတွင် ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများကာ Mi – 35 ရဟတ်ယာဉ်ဖြင့် မိနစ် ၄၀ ကြာ ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး N.L.A တပ်တော်ဘက်မှ ဒု-ဗိုလ် ၁ ဦး ကျဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၄ ရက်နေ့၌ တမူးမြို့နယ် ထင်းဇင်ရွာ နမ့်စပါတံတားအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၃ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ ပစ္စတို ၁ လက်နှင့် ကျည်ဆံအချို့အား စစ်သားများက သိမ်းဆည်းသွားပြီး စစ်သည် ၁ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်ကိုအမှန်မရေးဘဲ PDF ၃ ဦး သေတာကို ဗြောင်လိမ်ကာ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရတယ်လို့ အများပြည်သူများ အထင်မှားအောင် လိုင်းပေါ်မှ စိတ်ကူးယဉ် ရေးသားထားခြင်းသာဖြစ်ပါတယ်။