နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ပေးအပ်

ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာတွင် တာဝန်ရှိသူများက ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ဆောက်လုပ်ရေးဌာန ဒုတိယဝန်ကြီး ဦးကျင်လှိုင်(ကွယ်လွန်)ကိုယ်စား သားဖြစ်သူ ဦးမြင့်ဌေးကိုလည်း ကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၂)စက်မှုဌာန ဒုတိယဝန်ကြီး ဦးကျော်ဇ (ကွယ်လွန်) ကိုယ်စား သားဖြစ်သူ ဦးရဲဝင့်ကျော် ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပေါ်သိမ်း(ကွယ်လွန်) ကိုယ်စားသားဖြစ်သူ ဦးကျော်စိုး ကိုလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဘိုနီ(ငြိမ်း)(ကွယ်လွန်) ကိုယ်စား သမက်ဖြစ်သူ ဦးစိုးဝင်း ကိုလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ အနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင်(ကွယ်လွန်) ကိုယ်စား သမီးဖြစ်သူ ဒေါ်စိုးစိုးတင့် ကို လည်းကောင်း၊ စည်သူဘွဲ့ရရှိသူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် သောင်းတင် (ငြိမ်း)(ကွယ်လွန်)ကိုယ်စားသမီးဖြစ်သူ ဒေါ်တင်ကြည်တင် ကိုလည်းကောင်း ဂုဏ်ထူး ဆောင်ဘွဲ့များအား ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့် အပ်နှင်းခဲ့ကြသည်။