ရွှေလက်ဝတ်ရတနာများကို အခွန် သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင်

ရွှေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို ပြည်ပနိုင်ငံများသို့ တင်ပို့မည်ဆိုပါက အခွန် သုညရာခိုင်နှုန်းဖြင့် တင်ပိုနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်းသိရပါတယ်။

ယခင်က ပြည်ပနိုင်ငံများသို ရွှေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများ တင်ပိုရာတွင် ပို့ကုန် အခွန် ၁၇ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရသော်လည်း ယခုအခါ အခွန်သုညရာခိုင်နှုန်းအထိ လျှော့ချပေးထားခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။