ကင်ဆာရောဂါ

ကင်ဆာအမျိုးအစားပေါင်း ၂၀၀ ကျော် ရှိတဲ့အနက်
အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့
ဆီးကျိတ်ကင်ဆာတို့ကတော့ ဖြစ်ပွားမှုများတဲ့ ကင်ဆာ ရောဂါ
ဝေဒနာတွေပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါဟာ မျိုးရိုးဗီဇဆိုင်ရာ ရောဂါ ၁ မျိုးဖြစ်ပါတယ်။
အစားအသောက်များတွင် ပြည့်ဝဆီများ လွန်ကဲများ ပါဝင်မှု၊
နေရောင်ခြည်လောင်ကျွမ်းသော အစားအသောက်များတွင်
အဆိပ်သင့် ဓါတုပစ္စည်းများ ပါဝင်မှု၊ ကားမီးခိုးငွေ့များ၊ ပိုးသတ်
ဆေးများ၊ တာရှည်ခံအောင် အစားအစာများကို ပြုပြင်မှု လွန်ကဲခြင်း၊
ဟော်မုန်းဓါတ်များပြားခြင်းနှင့် သံလိုက်စက်ကွင်း မလွတ်ကင်းခြင်း
တို့ကြောင့်လည်း ကင်ဆာရောဂါကို ပိုမိုဖြစ်ပွားစေပါတယ်။

လူအများ စားသုံးရန် ထုပ်ပိုးပြင်ဆင်သည့် ဟမ်ဘာဂါ၊ ဟော့ဒေါ့များဟာ
အူမကြီးကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ်နေပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် အစားအသောက်များကို
ပြုတ်၍ဖြစ်စေ၊ ပေါင်း၍ ဖြစ်စေ စားပါ။

လေထုညစ်ညမ်းမှု နည်းနိုင်သမျှ နည်းပါစေ။
ကားအိပ်ဇော မီးခိုးငွေ့နှင့် တခြားလူတို့ ပြုလုပ်သော
မီးခိုးငွေ့တို့နှင့် နည်းနိုင်သမျှ နည်းပါစေ။

မိုဘိုင်းဖုန်းများကို တစ်ကြိမ်လျှင် ၁၅ မိနစ်ထက်
ပိုမပြောပါနှင့်။

လျှပ်စစ်နာရီများကို အိပ်ယာဘေးတွင် မထားပါနှင့်။

မုန်လာဥနီ၊ ပဲပုပ်၊ တို့ဟူး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲညှောက်ပေါက်များ၊
ပန်းမုန်လာနှင့် ကြက်သွန်ဖြူတို့ဟာ ကင်ဆာရောဂါများကို
တိုက်ခိုက်နိုင်ပါတယ်။

မုန်လာဥနီတွင် ဘီတာကယ်ရိုတင်းဓါတ် ကြွယ်ဝ၍ ဘီတာကယ်ရိုတင်းဓါတ်
ကြွယ်ဝလေ ကင်ဆာဖြစ်နိုင်လေ နည်းလေ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်များတွင်လည်း ပိုးသတ်ဆေးများ၊ ပေါင်းသတ်
ဆေးများကို အသုံးပြုထားသဖြင့် ၎င်းတို့ကြောင့်လည်း ကင်ဆာ
ဖြစ်စေနိုင်ပါတယ်။

လတ်ဆတ်သော သစ်သီးဝလံများတွင် ကင်ဆာရောဂါကို တိုက်ဖျက်
နိုင်သော ဗီတာမင် စီဓါတ် အထူးကြွယ်ဝပါတယ်။ သစ်သီးဝလံတို့ကို
သရေစာအဖြစ် နေ့စဉ် စားသုံးသင့်ပါတယ်။

စားသောက်သော အဓိက အစားအစာများတွင် ပဲများ၊ အစေ့အစံများနှင့်
သစ်စေ့များ ပါဝင်သင့်ပါတယ်။

အထူးသဖြင့် မုယောစပါး၊ ဆန်လုံးညို၊ ပဲနီလေး၊ ဗန်ဒါစေ့နှင့် နေကြာစေ့တို့တွင်
ကင်ဆာရောဂါကို ကာကွယ်သော သတ္တုဓါတ်များဖြစ်တဲ့ ဇင့်နှင့် ဆီလီနီယမ်တို့
ပါဝင်ပါတယ်။

အရက် သောက်သုံးမှု လျှော့ချခြင်း၊ သကြားစားသုံးမှုကို လျှော့ချခြင်းနှင့်
အဆီဓါတ်ပေါများသည့် အစားအစာတို့ကို ရှောင်ကြည်ခြင်းလည်း
ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။

အမျိုးသမီးများသည် အတွင်းခံ ဘရာစီယာ ခပ်ကျပ်ကျပ်ကို
တစ်နေ့လျှင် ၁၄ နာရီ သို့မဟုတ် ပိုကြာအောင် ဝတ်ဆင်လျှင်
ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၅၀% ရှိပါတယ်။

ကင်ဆာရောဂါ ဝေဒနာရှင်များဟာ

====================

သဘာဝလက်ဖက်စိမ်းအရည်ကို ပိုမိုသောက်ပေးပါ။
လတ်ဆတ်သော သဘာဝသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊
ဆန်လုံးညိုနှင့် ပေါင်မုန့်ကြမ်းတို့ကို ပိုမိုစားသုံးသင့်ပါတယ်။
တိရစ္ဆာန်မှရသော အဆီများကို ရှောင်ကြည်ပေးပါ။

ဗီတာမင် အေ၊ စီ၊ အီးနှင့် ဘီတာကယ်ရိုတင်း၊ ဇင့်၊ ဆီလီနီယမ်
ပါဝင်သော အားဆေးများကို စားပေးပါ။

စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျှော့ချပေးပါ။
အပ်စိုက်ကုထုံး၊ အကြောလျှော့ လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း
တို့ကို ဆောင်ရွက်ပေးပါ။

မွေးရနံ့ကုထုံးဖြစ်သည့် သဘာဝ ပန်းရနံ့များကို ရူရှိုက်ပေးပါ။

မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာထိတွေ့မှုများ လျော့နည်းပါစေ။

ကင်ဆာရောဂါ နှစ်သိမ့်ဆွေးနွေး အကြံပေးအဖွဲ့အစည်းများနှင့်
ဆက်သွယ်ပြီး ရောဂါသက်သာနိုင်မယ့် နည်းလမ်းများကို ဆွေးနွေးရပါမယ်။

Crd