(၂၆) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် စက်ရုံတည်ဆောက်ရေးနှင့် စက်သုံးဆီဝယ်ယူရေးကိစ္စဆွေးနွေး

ရုရှားနိုင်ငံ၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်၍ ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြု ဆက်သွယ်နိုင်မည့် အလားအလာများဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ၌ ရေနံချက်စက်ရုံ၊ ဆိုလာစက်ရုံ၊ စက္ကူပျော့ဖတ်စက်ရုံတည်ဆောက်ရေးနှင့် စက်သုံးဆီဝယ်ယူ ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ကဏ္ဍပေါင်းစုံဆွေးနွေး၍ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေး ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါတယ်။